unicharm

Gentle care for life

 

ကုမ္ပဏီသတင်းကုန်မ္ပဏီသတင်းထိပ်ဆုးံစာမျက်နှာ

နိုင်ငံရပ်ခြားကျယ်ပြန့်မှူ

 

အာရှသို့..ထို့နောက်ကမ္ဘာတဝန်းသို့ပျံ့နှံ့နေသောUnicharm၏

ဂျပန် ပြည်သူပြည်သား တွေကို ပေးအပ်လာသည့် "သက်တောင့် သက်သာ မဖြစ်ခြင်း" ကို " သက်တောင့် သက်သာ ဖြစ်ခြင်း " သို့ပြောင်းလဲ လိုက်သည့်အရာကို ကမ္ဘာတဝန်း ကလူများဆီ သို့လည်း ပေးအပ် ချင်ပါသည်။ ပထမဆုံး ကတော့ အာရှနိုင်ငံများ ဆီသို့ .... ထို့နောက် ကမ္ဘာတဝန်းသို့ .....သာယာမှု၊ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု ကို မွေးဖွားစေပြီး 『ကြင်နာ နွေးထွေးခြင်း』ဆိုတာကို ကမ္ဘာတဝန်း သို့လည်း ချဲ့ထွင်ချင် ပါသည်။ Unicharm ရဲ့စိန်ခေါ်မှု တွေသည်လည်း ဆက်လက်  ဖြစ်ပေါ် နေပါမည်။

၁၉၈၄ခုနှစ် ထိုင်ဝမ်၌ Local Subsidiary အား တည်ထောင် ခဲ့တာကနေ unicharm၏ နိုင်ငံခြား ချဲ့ထွင်ခြင်း စတင် ခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် အာရှကို အဓိက ဦးတည်ပြီး ယနေ့မှာတော့  နိုင်ငံရပ်ခြား ကုမ္ပဏီ၃၅ခုကို ပူးပေါင်း၍ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက အစရှိသော ကမ္ဘာနိုင်ငံပေါင်း ၈၀ကျော်အား ကလေးသေးခံနှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်း အစရှိသည်တို့ကို ထုတ်လုပ် ပေးအပ် နေပါသည်။ ဂျပန်နိုင်ငံ၌ နှစ် အတော်ကြာ အသုံးပြုလာသော ပစ္စည်း တီထွင် ထုတ်လုပ်မှု စွမ်းအား၊ ဈေးကွက် ရှာဖွေခြင်း စွမ်းအားများကို အခြေခံပြီး နိုင်ငံ အသီးသီး၏ မတူညီသော နေထိုင်ပုံစံ စတိုင်၊ဓလေ့ ထုံးစံ များနှင့် ကိုက်၍ ထုတ်လုပ်ပြီး နိုင်ငံရပ်ခြား လုပ်ငန်း ချဲ့ထွင်ခြင်းကို အရှိန်ဟုန် မြင့်စွာ လုပ်ဆောင် နေပါသည်။

နိုင်ငံခြားရပ်ခြားသို့လုပ်ငန်းတိုးချဲ့မှု

Baby and Child Care Business

ကလေးသုံးသေးခံ Mamy Poko ကို Premium Brand အနေဖြင့် အရှေ့အာရှ၊ အရှေ့တောင် အာရှကို အဓိကထား၍ ရောင်းချ နေပါသည်။ Tape Type သာလျှင် မဟုတ်ပဲ အလွယ်တကူ ဝတ်ခိုင်း လို့ရသည့် Pants Type သည်လဲ ကျယ်ပြန့်နေပြီး အာရှနိုင်ငံများမှ ဝယ်ယူသူများ၏ ထောက်ခံမှုကိုရရှိနေပါသည်။

တဖန် ဟော်လန်နိုင်ငံ၌လဲ အကျိုးတူ ပူပေါင်းထားသော ကုမ္ပဏီတွင် နည်းပညာကိုလည်း အကျိုးတူ ပူးပေါင်း၍ Pants Type ကလေး သေးခံ ထုတ်လုပ်မှုကို ပြုလုပ်နေပြီး Unicharm ၏ Pants Type နည်းပညာသည် ဥရောပနှင့် မြောက်အမေရိက ကိုလည်း ထောက်ပံ့ နေပါသည်။

Feminine Care Business

အမျိုးသမီး လစဉ်သုံး ပစ္စည်း Sofy ကို Global Brand တခုအနေဖြင့် အရှေ့အာရှ၊ အရှေ့တောင် အာရှကို အဓိကထား၍ ရောင်းချ နေပါသည်။ (အချို့သော ဒေသများ မပါ).မြင့်မားသော စွမ်းရည်ရှိသည့် Night use Napkin နှင့် Panty Liner တို့ကိုလည်း ရောင်းချနေ၍ အာရှမှအမျိုးသမီးများ ဆီကနေ ထောက်ခံမှုကို ရရှိနေပါသည်။

Health Care Business

လူကြီးသုံးပစ္စည်း Lifree ကို ဂျပန်နိုင်ငံ လိုမျိုး သက်ကြီး ဦးရေ တိုးတက်လာနေသော ထိုင်ဝမ်၊ ထိုင်း တို့တွင်လဲ ချဲ့ထွင် ရောင်းချ နေပါသည်။ အဲ့ဒီ အထဲမှာမှ Pants Type သည် ကာယကံရှင်၏ ကိုယ့်ခြေထောက် ပေါ်ကို ရပ်တည်နိုင်အောင်လို့ ထောက်ပံ့ ပေးနိုင်သော ပစ္စည်းတခု နေဖြင့် သော်လည်းကောင်း၊ နေ့စဉ် စရိတ် လျော့ချမှုနှင့် သေးခံအား လဲလှယ်မှု အချိန်ရဲ့ဝန်ထုပ်ဝန်ပိုး ကိုလဲ လျော့ချနိုင်သည့် ပစ္စည်းတခု အနေဖြင့် သော်လည်းကောင်း ထောက်ပံ့ ပေးနိုင်ပြီး စိမ့်ဝင်မှုလဲ မြန်ဆန်ပါသည်။ တဖန် ဟော်လန်နိုင်ငံ ၌လည်း အကျိုးတူပူပေါင်း ထားသော ကုမ္ပဏီတွင် နည်းပညာ ကိုလည်း အကျိုးတူ ပူးပေါင်း၍ Pants Type ကလေး သေးခံ ထုတ်လုပ်မှုကို ပြုလုပ်နေပြီး Unicharm ၏ Pants Type နည်းပညာသည် ဥရောပနှင့် မြောက်အမေရိက ကိုလည်း ထောက်ပံ့ နေပါသည်။

Clean & Fresh Business

သန့်ရှင်းရေးသုံး အရွက် Wave ကို ထိုင်ဝမ်၌ ဖြန့်ချီပြီး သန့်ရှင်းရေး အလေ့အထ အသစ်ကို သိရှိစေခဲ့ပါသည်။ တဖန် Wave Sheet နည်းပညာသည် လိုင်စင် လျှောက်ထား မှုကြောင့် မြောက်အမေရိက၊ ဥရောပ တွေမှာလဲ ကျယ်ပြန့် နေပါသည်။

 

 

Main Overseas Products

East Asia

China

Baby and Child Care, Feminine Care

Taiwan-Greater China

Baby and Child Care, Feminine Care, Health Care, Clean & Fresh

Korea

Baby and Child Care, Feminine Care

Southeast Asia

Thailand

Baby and Child Care, Feminine Care, Health Care

Indonesia

Baby and Child Care, Feminine Care

Vietnam

Baby and Child Care, Feminine Care

South Asia

India

Baby and Child Care, Feminine Care

The Middle East

Saudi Arabia and others

Baby and Child Care, Feminine Care

South America

Brazil

Baby and Child Care

 

Main Overseas Operations (As of December, 2018)

Region Baby and
Child Care
Feminine Care Health Care Clean & Fresh Pet Care Production Sale
China
Taiwan-Greater China
Korea
Thailand
Vietnam
Myanmar
Malaysia
Singapore
Indonesia
The Philippines
Australia
Saudi Arabia
Egypt
India
The Netherlands
Russia
United States
Canada
Brazil

ဟော်လန် နိုင်ငံသည် နည်းပညာ ပူးပေါင်း၍ ကလေးသုံး၊ လူကြီးသုးံ Pants Type သေးခံ ထုတ်လုပ်မှု၊ အမေရိကသည်နည်းပညာ ပူးပေါင်း ထုတ်လုပ် ထားသော ပစ္စည်း ရောင်းချမှု

 

 
 

ဤစာမျက်နှာထိပ်ဆုးံ

Copyright© Unicharm Corporation

unicharm