1. Top
  2. ဆက်သွယ်ရန်
  3. FAQ:ထုတ်ကုန်ပစ္စည်းလုံခြုံမှု

FAQ:ထုတ်ကုန်ပစ္စည်းလုံခြုံမှု

ကုန်စည်ကို ဘေးအန္တရာယ်မရှိအောင် ဘယ်လို စီမံဆောင်ရွက်နေသလဲ ရှင်းပြပေးပါ။

ယူနီချမ်းသည် အသားအရည်ပေါ် တိုက်ရိုက် အသုံးပြုသည့် ကုန်ပစ္စည်းများကို သုံးစွဲသူက စိတ်ချလက်ချ အသုံးပြု နိုင်ရန်အတွက် ကုန်ကြမ်းဝယ်ယူခြင်းမှစ၍ ကုန်ပစ္စည်းတီထွင်ခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ကုန်ပစ္စည်းရောင်းချခြင်း၊ ကုန်ပစ္စည်းစွန့်ပစ်ခြင်းအထိ ကုန်ပစ္စည်းအရည်အသွေးထိန်းသိမ်းစီမံခြင်းဆိုင်ရာ အခြေခံမူများအရ စစ်ဆေးမှုများကို ပြုလုပ်လျှက်ရှိသည်။

ကုန်ကြမ်းဝယ်ယူခြင်းအဆင့်တွင် လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အား ဘေးအန္တရာယ်ပြု နိုင်သည့် ဓာတုပစ္စည်းများ ကုန်ပစ္စည်းတွင် ပါဝင်မှုမရှိစေရန်အတွက် လမ်းညွှန်ချက်များချမှတ် (*1) ၍ အထူးပြုဌာနမှ ဓာတုပစ္စည်းများ ၏ အန္တရာယ်ဖြစ်နိုင်ခြေရှိမရှိနှင့် ဥပဒေ၏ ထိန်းချုပ်ကန့်သတ်ချက်များနှင့် ငြိစွန်းမှု ရှိမရှိကို စစ်ဆေးခြင်း (*2) များ ပြုလုပ် လျှက်ရှိသည်။ ကုန်ပစ္စည်းတီထွင်ခြင်းအဆင့်တွင်မူ ဘေးအန္တရာယ် ကင်းရှင်းရေး ကော်မတီကို ဖွဲ့စည်း၍ ဘေးအန္တရာယ်ဖြစ် ခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် (*5) ကုန်ပစ္စည်းအသုံးပြုသည့် အခြေအနေအမျိုးမျိုးနှင့် ကုန်ပစ္စည်းစွန့်ပစ်သည့် အခြေအနေအမျိုးမျိုးကို ထည့်သွင်းစဉ်းစားကာ အန္တရာယ်ဖြစ်နိုင်ခြေကို စမ်းသပ်အကဲဖြတ် (*3) လျှက်ရှိသည်။

ထို့အပြင် စမ်းသပ်မှုတွေ့ရှိချက်များအရ အန္တရာယ်မရှိသည့် ကုန်ကြမ်းများကိုသာ အသုံးပြု ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို လူ့အသားအရည်ပေါ် အစမ်းခံမှုကိုလည်း (*4) ဆောင်ရွက်လျှက်ရှိသည်။

   ယူနီချမ်းသည် ပြင်ပအပ်နှံစစ်ဆေးခြင်းကုမ္ပဏီများအပါအဝင် ကုန်ပစ္စည်းများ ဘေးအန္တရာယ်ဖြစ်နိုင်ခြေကို စမ်းသပ် စစ်ဆေးသည့်အခါ သက်ရှိသတ္တဝါများအား အသုံးပြု၍ စမ်းသပ်ခြင်းကို ဆောင်ရွက်လျှက်လုံးဝမရှိပါ။ နောက်နောင်တွင်လည်း ဆောင်ရွက်ခြင်း မပြုလုပ်ပါ။

 

* အကယ်၍ ကုန်ပစ္စည်း၏ ဘေးအန္တရာယ်ကင်းရှင်းမှုကို အများပြည်သူအား ရှင်းလင်းရန် လိုအပ်လာသည့်အခါနှင့် နိုင်ငံတစ်နိုင်ငံ၏ အစိုးရမှ ထိုကဲသို့ ဆောင်ရွက်ရန် ညွှန်ကြားလာသည့်အခါ ခြွင်းချက်အနေဖြင့်ပြုလုပ်မည်ဖြစ်သည်။

ကလေးက တစ်ခါသုံ ဒိုက်ပါကို ကိုက်မိလို့ သူ့ပါးစပ်နာမှာ ဂျယ်လီလိုလိုအရာတွေက ကပ်သွားတယ်။ အန္တရာယ်ရှိနိုင်သလား။

တစ်ခါသုံးဒိုက်ပါနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများတွင် ဆီးနှင့် သွေးအား စုပ်ယူသိမ်းထားနိုင်ရန်အတွက် စုပ်ယူအားမြှင့် ပိုလီမာအား အသုံးပြုထားသည်။ အရည်များ စုပ်ယူထားခြင်းမရှိသည့် စုပ်ယူအားမြှင့်ပိုလီမာ၏ အနေအထားသည် အမှုန့်ဖြစ်ပြီး စက္ကူ ပျော့ဖတ်ထဲတွင် ရောစပ်ထည့်သွင်းထားသည်။ ၎င်းအား အနည်းငယ်စားသုံးမိသော်လည်း ပြဿနာ မရှိပါ။ ပမာဏ များပြားပါက လည်ချောင်း ပိတ်ဆို့သွားနိုင်သောကြောင့် အန္တရာယ်ရှိသည်။ ပါးစပ်အတွင်းရှိသည့် အရာများအား ထုတ်ပစ်ရမည်။ အကယ်၍ သောက်မိသွားပါက ရေအများအပြားသောက်ခိုင်းပြီး လျှင်မြန်စွာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အသုံးပြုထားသည့် တစ်ခါသုံးဒိုက်ပါ၏ စုပ်ယူအားမြှင့်ပိုလီမာပစ္စည်းများသည် ဆီးစသည်တို့အား စုပ်ယူထားသောကြောင့် ဖောင်းပွလာပြီး ဂျယ်လီပုံသဏ္ဍာန်ဖြစ်လာသည်။ ၎င်းအနေအထားဖြင့် အစာလမ်းကြောင်းနှင့် အစာအိမ်အတွင်း ဝင်ရောက်သော်လည်း ခန္ဓာကိုယ်အတွင်းရှိ အရည်ကို စုပ်ယူခြင်းမရှိပါ။ အညစ်အကြေးစွန့်သည့်အခါ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်သွားသဖြင့် စိတ်ပူရန်မလိုအပ်ပါ။

သို့ရာတွင် ဆီးစသည်တို့ ကပ်ပါလျှက်ရှိသဖြင့် ကျန်းမာရေးအတွက်စိုးရိမ်မှုရှိနိုင်ပေသည်။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အရေပြားမှာ အဖြူရောင်အမှုန့်တွေ ကပ်သွားတယ်။ အန္တရာယ်ရှိနိုင်သလား။

တစ်ခါသုံးဒိုက်ပါနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများတွင် ဆီးနှင့် သွေးအား စုပ်ယူသိမ်းထားနိုင်ရန်အတွက် စုပ်ယူအားမြှင့် ပိုလီမာအား အသုံးပြုထားသည်။ အရေပြား၊ ချွဲမြှေးနှင့် ထိမိသွားသော်လည်း အန္တရာယ်မရှိကြောင်း စစ်ဆေးအတည်ပြုထားသည့်အတွက် အန္တရာယ်မရှိပါ။ ရေ သို့မဟုတ် ရေနွေးဖြင့် ဆေးကြောပါ။

ကုန်ပစ္စည်းများကို ကလိုရင်းနဲ့ အရောင်ချွတ်ထားသလား။

ကျွန်ုပ်တို့၏ ကုမ္ပဏီမှ အသုံးပြုနေသော အချို့ကုန်ကြမ်းများအား ပြုပြင်ထုတ်လုပ်သည့်အခါ အရောင်ချွတ်သော်လည်း ကလိုရင်းဓာတ်ငွေ့ကိုအသုံးပြု၍ အရောင်ချွတ်ထားခြင်းမရှိကြောင်း စစ်ဆေး အတည်ပြုထားပါသည်။

ဒိုင်အောက်ဆင်ပါဝင်နေသလားလို့ စိုးရိမ်နေပါတယ်။

ကျွန်ုပ်တို့၏ကုမ္ပဏီတွင် ကလိုရင်းဒြပ်ပေါင်းများထဲက လူသားကို အဆိပ်သင့် အန္တရယ်ပြုနိုင်သည့် ဒိုင်အောက်ဆင် ပါဝင်မှု ရှိမရှိ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်ခြင်းအား ဆောင်ရွက်လျှက်ရှိသည်။

၎င်းတွေ့ရှိချက်အရ ကျွန်ုပ်တို့၏ကုန်ပစ္စည်းများတွင် ပါဝင်လျှက်ရှိသည့် ဒိုင်ဆောက်ဆင်၏ ပမာဏသည် ရေနှင့် လေထုတွင် ပါဝင်လျှက်ရှိသည့် ပမာဏထက် အလွန်အမင်း နည်းပါးပြီး လူ့ကျန်းမာရေးအား ထိခိုက်ခြင်း မရှိကြောင်း စစ်ဆေး အတည်ပြု ထားပါသည်။

Share On