unicharm

Gentle care for life

 

ကုမ္ပဏီသတင်းကုန်မ္ပဏီသတင်းထိပ်ဆုးံစာမျက်နှာ

ထုတ်ကုန်ပစ္စည်းလုံခြုံမှု

 

ယူနီချမ်းသည် အသားအရည်ပေါ် တိုက်ရိုက် အသုံးပြုသည့် ကုန်ပစ္စည်းများကို သုံးစွဲသူက စိတ်ချလက်ချ အသုံးပြု နိုင်ရန်အတွက် ကုန်ကြမ်းဝယ်ယူခြင်းမှစ၍ ကုန်ပစ္စည်းတီထွင်ခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ကုန်ပစ္စည်းရောင်းချခြင်း၊ ကုန်ပစ္စည်းစွန့်ပစ်ခြင်းအထိ ကုန်ပစ္စည်းအရည်အသွေးထိန်းသိမ်းစီမံခြင်းဆိုင်ရာ အခြေခံမူများအရ စစ်ဆေးမှုများကို ပြုလုပ်လျှက်ရှိသည်။

ကုန်ကြမ်းဝယ်ယူခြင်းအဆင့်တွင် လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အား ဘေးအန္တရာယ်ပြု နိုင်သည့် ဓာတုပစ္စည်းများ ကုန်ပစ္စည်းတွင် ပါဝင်မှုမရှိစေရန်အတွက် လမ်းညွှန်ချက်များချမှတ် (*1) ၍ အထူးပြုဌာနမှ ဓာတုပစ္စည်းများ ၏ အန္တရာယ်ဖြစ်နိုင်ခြေရှိမရှိနှင့် ဥပဒေ၏ ထိန်းချုပ်ကန့်သတ်ချက်များနှင့် ငြိစွန်းမှု ရှိမရှိကို စစ်ဆေးခြင်း (*2) များ ပြုလုပ် လျှက်ရှိသည်။ ကုန်ပစ္စည်းတီထွင်ခြင်းအဆင့်တွင်မူ ဘေးအန္တရာယ် ကင်းရှင်းရေး ကော်မတီကို ဖွဲ့စည်း၍ ဘေးအန္တရာယ်ဖြစ် ခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် (*5) ကုန်ပစ္စည်းအသုံးပြုသည့် အခြေအနေအမျိုးမျိုးနှင့် ကုန်ပစ္စည်းစွန့်ပစ်သည့် အခြေအနေအမျိုးမျိုးကို ထည့်သွင်းစဉ်းစားကာ အန္တရာယ်ဖြစ်နိုင်ခြေကို စမ်းသပ်အကဲဖြတ် (*3) လျှက်ရှိသည်။

ထို့အပြင် စမ်းသပ်မှုတွေ့ရှိချက်များအရ အန္တရာယ်မရှိသည့် ကုန်ကြမ်းများကိုသာ အသုံးပြု ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို လူ့အသားအရည်ပေါ် အစမ်းခံမှုကိုလည်း (*4) ဆောင်ရွက်လျှက်ရှိသည်။

ယူနီချမ်းသည် ပြင်ပအပ်နှံစစ်ဆေးခြင်းကုမ္ပဏီများအပါအ၀င် ကုန်ပစ္စည်းများ ဘေးအန္တရာယ်ဖြစ်နိုင်ခြေကို စမ်းသပ် စစ်ဆေးသည့်အခါ သက်ရှိသတ္တ၀ါများအား အသုံးပြု၍ စမ်းသပ်ခြင်းကို ဆောင်ရွက်လျှက်လုံးဝမရှိပါ။ နောက်နောင်တွင်လည်း ဆောင်ရွက်ခြင်း မပြုလုပ်ပါ။

အကယ်၍ ကုန်ပစ္စည်း၏ ဘေးအန္တရာယ်ကင်းရှင်းမှုကို အများပြည်သူအား ရှင်းလင်းရန် လိုအပ်လာသည့်အခါနှင့် နိုင်ငံတစ်နိုင်ငံ၏ အစိုးရမှ ထိုကဲသို့ ဆောင်ရွက်ရန် ညွှန်ကြားလာသည့်အခါ ခြွင်းချက်အနေဖြင့်ပြုလုပ်မည်ဖြစ်သည်။

ဆောင်ရွက်ပုံအဆင့်ဆင့်ပြဇယား ထပ်ဖြည့်ခြင်း

ဆောင်ရွက်ပုံအဆင့်ဆင့်ပြဇယား ထပ်ဖြည့်ခြင်း

 

ကိုးကားအချက်အလက် ဥပမာ

  • ECHA(European Chemicals Agency)
  • SVHC(Substances of very high concern)
  • RoHS(Restriction of Hazardous Substances)
  • REACH
  • Oeko-Tex standard 100
  • EU DIRECTIVE2015/1221/EC
  • DIRECTIVE 2009/48/EC(safety of toys)
  • Implementation of the Act on the Evaluation of Chemical Substances
    and Regulation of Their Manufacture
  • POPs: Stockholm Convention on Persistent Organic Pollutants
  • Dioxin Regulation Act
  • Montreal Protocol
 
 

ဤစာမျက်နှာထိပ်ဆုးံ

Copyright© Unicharm Corporation

unicharm