Sofy Body Fit Slim (Day Type) ထိန်းချုပ်မှု ပုံစံလိုင်း နှစ်လိုင်းကြောင့် ကိုယ်ခန္ဓာနှင့် တထပ်တည်း ကျစေပြီး ပုံစံမပျက်ပဲ ကိုယ်ခန္ဓာနှင့် ကွာဟမှုကို လျော့ကျစေသည်။ မူလပုံစံကို ထိန်းသိမ်းထားနိုင်သောကြောင့် ကောင်းမွန်စွာ စုပ်ယူနိုင်ပြီး ယိုစိမ့်မှုမရှိစေပါ။အပေါ်ယံချည်သား မျက်နှာပြင် အပေါက်လေးများက စုပ်ယူမှုကို လျှင်မြန်စွာ ခြောက်သွေ့စေပါသည်။ Cottony soft top sheet ကြောင့် သင်၏နူးညံ့သော အရေပြားသည် သက်တောင့်သက်သာ ရှိသောနူးညံ့မှုနှင့် သန့်ရှင်းမှုကို ခံစားရနိုင်ပါသည်။
Sofy Eva Day Maxi (dry type) ထိန်းချုပ်မှု ပုံစံနှစ်ထပ်ကြောင့် ယိုစိမ့်မှုနှင့် လိပ်သွားခြင်းကို မဖြစ်စေပါ။ ထင်းရှုးသား ကဲ့သို့သော သစ်သားမှ ဂွမ်းပုံစံ အမွှေးနု၊ အမျှင်လေးများ ဖြစ်လာအောင် အဆင့်ဆင့် ထုတ်လုပ်ထားသော ဂွမ်းကဲ့သို့ပစ္စည်း တစ်မျိုးတည်းသာ ထည့်သွင်း ထုတ်လုပ် ထားသောကြောင့် စုပ်ယူမှုကောင်းမွန် သည့်အပြင် အတွင်းသားများ လုံးသွားခြင်း၊ ကွဲသွားခြင်းကို ကာကွယ်ပေးသည်။ ခိုင်ခံ့သော အောက်ခံလွှာက လုံခြုံမှု အပြည့်အဝ ပေးပါသည်။
MamyPoko (Tape) စုပ်ယူမှု အားကောင်းသောကြောင့် တစ်ညတာလုံး ရင်သွေးငယ်လေးများ နှစ်ခြိုက်စွာ အိပ်စက်နိုင်ပါသည်။ဘေးသားများကို ချည်တွန့်များဖြင့် တုပ်နှောင်ထားသည့်အတွက် ယိုစိမ့်မှုကို ဘေးသားများမှ ကာကွယ်ပေးသည်။ မော်လီကျူးလေးများက ရင်သွေးလေးများ၏ ဆီးကိုအကြိမ် ၄၀ ထိ စုပ်ယူနိုင်သောကြောင့် သက်တောင့်သက်သာ ရှိစေသည်။
MamyPoko My Baby Pants လှိုင်းအတွန့်ပုံစံ ခါးပတ်ကြိုးကြောင့် ကလေးငယ်၏ လှုပ်ရှားမှုတိုင်းတွင် သက်တောင့် သက်သာ ဖြစ်စေပါသည်။ ဘေးသား ချုပ်ရိုးလိုင်း နှစ်ထပ်ကြောင့် ယိုစိမ့်မှုကို ကာကွယ်ပေးပါသည်။စုပ်ယူမှု အကောင်းဆုံး အလယ်လွှာကြောင့် ရေ ၅ ခွက်စာ ပမာဏကို လျှင်မြန်စွာ စုပ်ယူနိုင်ပြီး တညတာလုံးမှာ ယိုစိမ့်မှုမရှိပါ။
အကြံပြုပစ္စည်း Listအပိတ်
ဤစာမျက်နှာထိပ်ဆုးံ
Copyright© Unicharm Corporation