Love Your Possibilities
ကုမ္ပဏီအမှတ်တံဆိပ် အနှစ်သာရ
လူတိုင်း မိမိရဲ့ဖြစ်နိုင်စွမ်းကို အချိန်ပြည့် လက်ခံယုံကြည်ပြီး တစ်ဦးကိုတစ်ဦး အားပေးကူညီရင်း အများအကျိုးလိုလားတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ကျွန်ုပ်တို့ ဖော်ဆောင်သွားပါမယ်။
ကျွန်ုပ်တို့ဟာ လူသားတိုင်းရဲ့ ပင်ကိုယ်ဖြစ်တည်မှုကို အမြဲတမ်း လက်ခံပြီး တန်ဖိုးထားချင်ပါတယ်။
ထိုနည်းတူ ကျွန်ုပ်တို့လည်း တန်ဖိုးထားခံချင်ပါတယ်။
ကျွန်ုပ်တို့ဟာ ယောက်ျား၊ မိန်းမ၊ မွေးကင်းစကလေး၊ သက်ကြီးရွယ်အို မရွေး … လူသားအားလုံးကို မိမိ ပင်ကိုယ်သဘာဝအတိုင်း စစ်မှန်စွာ ရှင်သန်နေထိုင်ခွင့် ရှိစေချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ ဖန်တီးနိုင်မယ့် "ဖြစ်နိုင်စွမ်း" တွေမှာ အကန့်အသတ် မရှိလို့ပါပဲ။
ကျွန်ုပ်တို့ဟာ ဖြစ်နိုင်စွမ်းတွေကို ယုံကြည်လက်ခံပြီး ဇွဲမလျော့ဘဲ အကောင်အထည်ဖော်သွားချင်ပါတယ်။
သင့်ကိုလည်း ဖြစ်နိုင်စွမ်းတွေကို ဇွဲရှိရှိနဲ့ လုပ်သွားစေချင်ပါတယ်။
ဒါဟာ "ချစ်ခြင်းမေတ္တာ" ရဲ့ တောင်းဆိုခြင်းပဲ ဖြစ်ပါတယ်။
အများအကျိုးလိုလားတဲ့ စိတ်ဓာတ်နဲ့အတူ "ချစ်ခြင်းမေတ္တာ" ကို သင့်ဆီ ပို့ဆောင်ပေးရင်း
ကမ္ဘာတစ်ဝှမ်းပျံ့နှံ့သွားတဲ့အခါ ပိုမိုကောင်းမွန်သောလူ့အဖွဲ့အစည်းကို ကျွန်ုပ်တို့ ဖော်ဆောင်သွားပါမယ်။
ကျွန်ုပ်တို့ရည်မှန်းချက်က "သင်၏" ဆိုတဲ့ စကားလုံးအတွက်ပါပဲ။
ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်၏ အမှာစာ
Unicharm ၏ လုပ်ငန်းဒဿနဖြစ်သော "သင်၏ ဖြစ်နိုင်စွမ်းများကို ချစ်မြတ်နိုးပါ" ခေါင်းစဉ်ဖြင့် ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Takahisa Takahara ၏ အမှာစာကို မျှဝေရသည့်အတွက် ကျွန်ုပ်တို့ ဝမ်းမြောက်မိပါသည်။